Daiichi Life

Agency Q2 Kickoff: Thrive Beyond the Horizon​

Daiichi Life Myanmar ရဲ့ Agency Q2 Kick-off: Thrive Beyond the Horizon ပွဲအခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နဲ့ မြိတ်မြို့များမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒီပွဲအခမ်းအနားတွေဟာ Agency Team အနေနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းရည်မှန်းချက်များ၊ strategic direction များနဲ့အတူ ပိုမိုခိုင်မာတဲ့ စိတ်ဓာတ်၊ ပိုမိုကျယ်ပြန့်တဲ့ အမြင်သစ်များကို မျှဝေခံစားနိုင်ခဲ့တဲ့ အရေးကြီးတဲ့ အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။

ဒါ့အပြင် “Live Life Beyond Horizon” ဆိုတဲ့ Daiichi Life ရဲ့ ရည်ရွယ်ချက်ကို မြန်မာမိသားစုဝင်တွေရဲ့ ဘဝနဲ့ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဖော်ဆောင်နိုင်ဖို့အတွက် လိုအပ်ချက်သိ ဘဝကိုပုံဖော်ကြည့် – Life Horizon 360 ဆိုတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကွက်လပ်များကို ကြိုတင်ရှာဖွေဖော်ထုတ်ပေးပြီး အကိုက်ညီဆုံးသော ငွေကြေးအနာဂတ်အစီအစဉ်ကို စိတ်ကြိုက်ပုံဖော်နိုင်မယ့် နည်းစနစ်သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါသည်။

အခမ်းအနားတိုင်းမှာ Agency Team Members များရဲ့ စိတ်အားထက်သန်မှု၊ အတူတကွ ရှေ့ဆက်ကြိုးစားလိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုအသစ်များဆီ ခရီးဆက်သွားမယ့် စိတ်ခွန်အားများအပြည့်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Thrive Beyond the Horizon ပွဲအခမ်းအနားများမှ အမှတ်တရပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါသည်။