Daiichi Life

Partnership Prestige Club Awards Ceremony 2026​

Daiichi Life Myanmar ရဲ့ နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့ Partnership Prestige Club Awards Ceremony ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် Daiichi Life Asia Pacific CEO Mr. Brett Clark နှင့်အတူ Daiichi Life Myanmar Executive Management Team တို့မှ Partnership Bancassurance Financial Advisors များနှင့် Managers များ၏ ၂၀၂၅ တစ်နှစ်တာအတွင်း ကြိုးစားအားထုတ်မှုများနှင့် ထူးချွန်သော စွမ်းဆောင်ရည်များကို အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြပြီး Daiichi Life ရဲ့ သစ်လွင်တက်ကြွတဲ့ Brand Identity အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး “Life Reimagined” သီချင်းကိုလည်း ဆုရရှိသူများအားလုံးအတူတူ အင်အားအပြည့်နဲ့ပါဝင်သီဆိုခဲ့ကြပါသည်။

ဒါ့အပြင် Juryo, Komosubi, Sekiwake, Ozeki နှင့် Yokozuna Achievers များ၏ အရေအတွက်သည်လည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လာခဲ့ပြီး အမြင့်ဆုံး tier ဖြစ်သော Yokozuna Achievers အရေအတွက်မှာလည်း ယခုနှစ်တွင် အများဆုံးရရှိလာနိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။