Daiichi Life

Together for Myanmar: Supporting Healthcare Services for Communities

TOGETHER FOR MYANMAR “ ပြန်လည်တည်ဆောက်ကြမည် အနာဂတ်များဆီ” ဟူသောရည်ရွယ်ချက် နှင့် အညီ Daiichi Life Myanmar မှ မန္တလေး၊ စစ်ကိုင်းရှိ မိသားစုဝင်များအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနိုင်ရန် Japan Heart Organization အကူအညီနဲ့ ဆေးကုသမှုလိုအပ်နေတဲ့နေရာတွေမှာ အခမဲ့ဆေးကုသမှုတွေ ပြုလုပ်နိုင်ဖို့ ဆေးနှင့်ဆေးပစ္စည်းတွေအားလုံးကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံမိသားစုဝင်များသက်တောင့်သက်သာနဲ့ဆေးကုသမှုခံယူနိုင်ရန် သူတို့အားထားရာ စစ်ကိုင်း ဝါးချက်ဆေးရုံပြန်လည်တည်ဆောက်ရာတွင်လည်း ခွဲစိတ်ခန်းသုံးကိရိယာများကို ထိရောက်စွာပံ့ပိုးကူညီပေးခဲ့ပါသည်။

အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ခံစားခဲ့ရသော မန္တလေးနှင့်စစ်ကိုင်းရှိ မိသားစုများအတွက် လိုအပ်တဲ့အသုံးအဆောင်များ ဆေးဝါးနဲ့အစားအသောက်များပါဝင်တဲ့ Care Package များ၊ ငလျင်ဆိုင်ရာပညာပေးစာစောင်များ၊ ငလျင်ကာလတွင်း အရေးပေါ် ကုသမှု အတွက် ဂျပန်နည်းပညာဖြင့် လက်ကိုင် ဓါတ်မှန်စက်၊ လက်ကိုင်အာထရာဆောင်း စက်များ ECG စက်များ ကိုလည်း ပံ့ပိုး လှူဒါန်းခဲ့ပါသည်။ 

ကျွန်တော်တို့ Dai-ichi Life Myanmar မှ အားလုံးအတွက်အလိုအပ်ဆုံးအချိန်မှာ အခက်အခဲများကို ကူညီဖြေရှင်းစောင့်ရှောက်ပေးဖို့အမြဲအတူ ရှိနေပေးမယ့်အပြင် ရှေ့ဆက်ပြီးတော့လည်း ပြန်လည်ထူထောင်ရေးခရီးလမ်းမှာ အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ထပ်လောင်းကတိပြုလိုက်ပါသည်။