နိုင်ငံရပ်ခြားတွင် ငွေသားမလိုဝန်ဆောင်မှုရယူခြင်း
Daiichi Health CARE ရဲ့ Cashless Claims ငွေသားမလိုဝန်ဆောင်မှု ဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ နိုင်ငံများ၏ သတ်မှတ်ထားတဲ့ဆေးရုံတွေမှာ ဆေးရုံတက်စဉ်၊ ဆေးရုံမတက်မီ နှင့် ဆေးရုံဆင်းပြီးနောက် ကုသမှု၊ ပြင်ပလူနာဌာနပြသမှုအတွက်ပါ ငွေပေးချေစရာတွေ၊ ငွေပြန်တောင်းခံရမယ့် လုပ်ငန်းစဉ်တွေအတွက် စိတ်ပူနေစရာမလိုတော့ဘဲ စိတ်အေးချမ်းသာစွာဆေးကုသမှုခံယူနိုင်မှာဖြစ်ပါသည်။
နိုင်ငံရပ်ခြားတွင်ငွေသားမလိုဘဲဆေးကုသခြင်းဝန်ဆောင်မှုကို တောင်းခံခြင်း
၁။ အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် healthclaim@daiichilife.com.mm သို့ အောက်ဖော်ပြပါ အချက်များထည့်သွင်းပြီး အီးမေးလ်မှတစ်ဆင့် ဆက်သွယ်တောင်းခံနိုင်ပါသည်။
ပြင်ပ/အတွင်းလူနာဌာနကုသမှုတို့အတွက် –
အကျိုးခံစားခွင့်တောင်းခံသူအမည်
ပေါ်လစီအမျိုးအစား
မွေးသက္ကရာဇ်
နိုင်ငံသားမှတ်ပုံတင်အမှတ်
ချိန်းဆိုထားသောနေ့ရက်
ဆရာဝန်အမည် (ရှိခဲ့လျှင်)
ရောဂါမှတ်တမ်း
ဆေးရုံအမည် နှင့် ဆေးမှတ်တမ်း/အစီရင်ခံစာ
ခန့်မှန်းကုန်ကျစရိတ်(ရှိခဲ့လျှင်) – အတွင်းလူနာဌာနတွင်ကုသမှုများအတွက်သာ
ဆေးရုံတက်ကုသမှုခံယူမည့်ရက် – အတွင်းလူနာဌာနတွင်ကုသမှုများအတွက်သာ
၂။ ငွေသားမလိုဘဲဆေးကုသမှုခံယူနိုင်မည့်ဝန်ဆောင်မှု (LOG) ၏ စာရွက်စာတမ်းမိတ္တူ ကိုရယူပြီး နိုင်ငံရပ်ခြားတွင်စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်မှာဖြစ်ပါသည်။
Remark:
- နိုင်ငံရပ်ခြားတွင်ငွေသားမလိုဘဲဆေးကုသမှုခံယူနိုင်မည့် ဝန်ဆောင်မှုအတွက် လုပ်ဆောင်ချိန်သည် ခန့်မှန်းခြေ အလုပ်လုပ်ရက်(၇)ရက်အတွင်းဖြစ်သည်။ အကျိုးခံစားခွင့်တောင်းဆိုသူသည် ဝန်ဆောင်မှုကိုရယူသည့်အခါတိုင်း ဆေးရုံတက်သည့်စရိတ်အပေါ်မူတည်၍ ပေါ်လစီကန့်သတ်ချက်ပမာဏ မှ ဝန်ဆောင်ခကို နှုတ်ယူကောက်ခံမည်ဖြစ်သည်။
မေးလေ့မေးထရှိသောမေးခွန်းများ
Daiichi Health CARE ၏ Plan 5 မှ Plan 10 အမျိုးအစားများသည် Overseas Cashless Claims ဝန်ဆောင်မှုကိုရယူနိုင်ပါသည်။
Daiichi Health CARE ၏ Plan 5 မှ Plan 7 ဝယ်ယူထားသူများအနေနဲ့ Overseas Cashless Claims ဝန်ဆောင်မှုကို ထိုင်း၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံများတွင် ရယူနိုင်မှာဖြစ်ပြီး Plan 8 မှ Plan 10 ဝယ်ယူထားသူများအနေနဲ့ ထိုင်း၊ မလေးရှား၊ အိန္ဒိယ နှင့် စင်ကာပူနိုင်ငံများတွင်ရယူနိုင်မှာဖြစ်ပါသည်။
Cashless Claims ဝန်ဆောင်မှုကို ရရှိနိုင်မည့်ဆေးရုံ၊ဆေးခန်းများကို ယခုလင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Overseas Cashless Claims လုပ်ငန်းစဥ်အတွက် လုပ်ဆောင်ချိန်သည် ခန့်မှန်းခြေ အလုပ်လုပ်ရက်(၇)ရက်အတွင်းဖြစ်သည့်အတွက် ဝန်ဆောင်မှုကိုရယူလိုပါက တစ်ပတ်ကြိုတင်အကြောင်းကြားရမည်ဖြစ်သည်။
Overseas Cashless Claims ဝန်ဆောင်မှုအတွက် ရွေးချယ်ဝယ်ယူထားသောအမျိုးအစားပေါ်မူတည်၍ ပေးချေနိုင်သည့် ငွေကြေးပမာဏ ပြောင်းလဲမှာဖြစ်ပါသည်။
ရွေးချယ်ဝယ်ယူထားသော Daiichi Health CARE ကျန်းမာရေးအာမခံ Plan အမျိုးအစားပေါ်မူတည်၍ အကျိုးခံစားခွင့်တောင်းခံနိုင်သောပမာဏအားလုံးကိုတောင်းခံနိုင်ပါသည်။
အကျိုးခံစားခွင့်တောင်းဆိုသူသည် Overseas Cashless Claims ဝန်ဆောင်မှုကို ရယူသည့်အခါတိုင်း ဆေးရုံတက်သည့်စရိတ်အပေါ်မူတည်၍ နှစ်စဥ်ကြေးမှ ဝန်ဆောင်ခကို နှုတ်ယူကောက်ခံမည်ဖြစ်သည်။
ယူထားပြီးသား Cashless Claims ဝန်ဆောင်မှု ကို ပယ်ဖျက်နိုင်ပါသည်။