Daiichi Life

Partnership Prestige Club Awards Ceremony 2026​

Daiichi Life Myanmar ရဲ့ နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်တဲ့ Partnership Prestige Club Awards Ceremony ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။​ အခမ်းအနားတွင် Daiichi Life Asia Pacific CEO Mr. Brett Clark နှင့်အတူ Daiichi Life Myanmar Executive Management Team တို့မှ Partnership Bancassurance Financial Advisors များနှင့် Managers များ၏ ၂၀၂၅ တစ်နှစ်တာအတွင်း ကြိုးစားအားထုတ်မှုများနှင့် ထူးချွန်သော စွမ်းဆောင်ရည်များကို အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြပြီး Daiichi Life ရဲ့ သစ်လွင်တက်ကြွတဲ့ Brand Identity အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး “Life Reimagined” သီချင်းကိုလည်း ဆုရရှိသူများအားလုံးအတူတူ အင်အားအပြည့်နဲ့ပါဝင်သီဆိုခဲ့ကြပါသည်။​ ဒါ့အပြင် Juryo, Komosubi, Sekiwake, Ozeki နှင့် Yokozuna Achievers များ၏ အရေအတွက်သည်လည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လာခဲ့ပြီး အမြင့်ဆုံး tier ဖြစ်သော Yokozuna Achievers အရေအတွက်မှာလည်း ယခုနှစ်တွင် အများဆုံးရရှိလာနိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။​

Agency Q2 Kickoff: Thrive Beyond the Horizon​

Daiichi Life Myanmar ရဲ့ Agency Q2 Kick-off: Thrive Beyond the Horizon ပွဲအခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နဲ့ မြိတ်မြို့များမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒီပွဲအခမ်းအနားတွေဟာ Agency Team အနေနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းရည်မှန်းချက်များ၊ strategic direction များနဲ့အတူ ပိုမိုခိုင်မာတဲ့ စိတ်ဓာတ်၊ ပိုမိုကျယ်ပြန့်တဲ့ အမြင်သစ်များကို မျှဝေခံစားနိုင်ခဲ့တဲ့ အရေးကြီးတဲ့ အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။ ဒါ့အပြင် “Live Life Beyond Horizon” ဆိုတဲ့ Daiichi Life ရဲ့ ရည်ရွယ်ချက်ကို မြန်မာမိသားစုဝင်တွေရဲ့ ဘဝနဲ့ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဖော်ဆောင်နိုင်ဖို့အတွက် “လိုအပ်ချက်သိ ဘဝကိုပုံဖော်ကြည့် – Life Horizon 360” ဆိုတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကွက်လပ်များကို ကြိုတင်ရှာဖွေဖော်ထုတ်ပေးပြီး အကိုက်ညီဆုံးသော ငွေကြေးအနာဂတ်အစီအစဉ်ကို စိတ်ကြိုက်ပုံဖော်နိုင်မယ့် နည်းစနစ်သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါသည်။ အခမ်းအနားတိုင်းမှာ Agency Team Members များရဲ့ စိတ်အားထက်သန်မှု၊ အတူတကွ ရှေ့ဆက်ကြိုးစားလိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုအသစ်များဆီ ခရီးဆက်သွားမယ့် စိတ်ခွန်အားများအပြည့်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Thrive Beyond the Horizon ပွဲအခမ်းအနားများမှ အမှတ်တရပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါသည်။

Star Awards Gala 2026

Daiichi Life Myanmar မှ Star Awards Gala 2026 ပွဲအခမ်းအနားကြီးနဲ့အတူ Global Brand Refresh ဆန်းသစ်မှုကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ဒီပွဲအခမ်းအနားမှာကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ COT/MDRT အဖွဲ့ဝင်များ၊ Star Achievers Club (Diamond, Platinum, Gold, Silver) အဖွဲ့ဝင်များ၊ Elite Star Leaders နဲ့ Star Leaders များအားလုံးရဲ့ ကြိုးစားအားထုတ်မှုများနဲ့ အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် Daiichi Life ရဲ့ Global Brand Refresh ဆန်းသစ်မှုကိုလည်း ဒီအခမ်းအနားမှာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီး “Live Life Beyond Horizon” ဆိုတဲ့ brand concept နဲ့အတူ “Life Reimagined” Music Video ကိုလည်း ပထမဦးဆုံးပြသပေးခဲ့ပြီး နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်များဖြစ်တဲ့ ကိုမင်းဦးနဲ့ မမိုးဟေကိုတို့နဲ့အတူ အားလုံးအတူ ပျော်ရွှင်စွာပုံဖော်ခဲ့ကြပါသည်။ အခမ်းအနားရဲ့ အမှတ်တရအခိုက်အတန့်တွေကို မျှဝေရင်း မိသားစုများအတွက် ကိုယ်ပိုင်ဘဝကို စိတ်တိုင်းကျပုံ‌ဖော်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ စိတ်အေးချမ်းသာစေမယ့် ကာကွယ်မှုတွေပေးစွမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါသည်။

“ Life Reimagined” Music Video Launch

ဘဝကိုစိတ်ကြိုက်ပုံဖော်ဖို့ဆိုတာ လူတိုင်းဖြစ်ချင်တဲ့ဆန္ဒတစ်ခုပါ။ အနာဂတ်ဆိုတာ မျှော်လင့်ချက်တွေ၊ အခွင့်အလမ်းအသစ်တွေ၊ အိပ်မက်တွေ ပြည့်နှက်နေတဲ့ ခရီးလမ်းတစ်ခုပါ။ Daiichi Life Myanmar အနေနဲ့ မြန်မာပြည်သူပြည်သားတိုင်းရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ ချစ်ခြင်းမေတ္တာနဲ့အတူ ငွေကြေးကာကွယ်မှုကို ပံ့ပိုးပေးရင်း အနာဂတ်အိပ်မက်တွေကို ယုံကြည်မှုအပြည့်နဲ့ အကန့်အသတ်မရှိစိတ်ကြိုက် ပုံဖော်နိုင်စေဖို့ အမြဲတမ်းအတူရှိနေမှာဖြစ်ပါသည်။ ဒီလို အိပ်မက်များနှင့်အခွင့်အလမ်းအသစ်များပြည့်နှက်နေတဲ့ အနာဂတ်ကို ပုံဖော်ထားတဲ့ “Life Reimagined” Music Video လေးကိုလည်း အားလုံးနှင့်အတူ မိတ်ဆက်ပေးလိုက်ပါသည်။ https://www.youtube.com/watch?v=uRg1QyZtd9g

Together for Myanmar: Supporting Healthcare Services for Communities

TOGETHER FOR MYANMAR “ ပြန်လည်တည်ဆောက်ကြမည် အနာဂတ်များဆီ” ဟူသောရည်ရွယ်ချက် နှင့် အညီ Daiichi Life Myanmar မှ မန္တလေး၊ စစ်ကိုင်းရှိ မိသားစုဝင်များအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနိုင်ရန် Japan Heart Organization အကူအညီနဲ့ ဆေးကုသမှုလိုအပ်နေတဲ့နေရာတွေမှာ အခမဲ့ဆေးကုသမှုတွေ ပြုလုပ်နိုင်ဖို့ ဆေးနှင့်ဆေးပစ္စည်းတွေအားလုံးကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံမိသားစုဝင်များသက်တောင့်သက်သာနဲ့ဆေးကုသမှုခံယူနိုင်ရန် သူတို့အားထားရာ စစ်ကိုင်း ဝါးချက်ဆေးရုံပြန်လည်တည်ဆောက်ရာတွင်လည်း ခွဲစိတ်ခန်းသုံးကိရိယာများကို ထိရောက်စွာပံ့ပိုးကူညီပေးခဲ့ပါသည်။​ အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ခံစားခဲ့ရသော မန္တလေးနှင့်စစ်ကိုင်းရှိ မိသားစုများအတွက် လိုအပ်တဲ့အသုံးအဆောင်များ ဆေးဝါးနဲ့အစားအသောက်များပါဝင်တဲ့ Care Package များ၊ ငလျင်ဆိုင်ရာပညာပေးစာစောင်များ၊ ငလျင်ကာလတွင်း အရေးပေါ် ကုသမှု အတွက် ဂျပန်နည်းပညာဖြင့် လက်ကိုင် ဓါတ်မှန်စက်၊ လက်ကိုင်အာထရာဆောင်း စက်များ ECG စက်များ ကိုလည်း ပံ့ပိုး လှူဒါန်းခဲ့ပါသည်။ ​ ကျွန်တော်တို့ Dai-ichi Life Myanmar မှ အားလုံးအတွက်အလိုအပ်ဆုံးအချိန်မှာ အခက်အခဲများကို ကူညီဖြေရှင်းစောင့်ရှောက်ပေးဖို့အမြဲအတူ ရှိနေပေးမယ့်အပြင် ရှေ့ဆက်ပြီးတော့လည်း ပြန်လည်ထူထောင်ရေးခရီးလမ်းမှာ အကောင်းဆုံးပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ထပ်လောင်းကတိပြုလိုက်ပါသည်။